ပြည်သားလေး..အိမ်

“ကျွန်ုပ်မေးမိ အပြစ်ရှိ၏”
ကျောကို အကြိမ်ကြိမ် အချကြမ်းလွန်းလို့
ဓားပြမှန်း သိခဲ့တာ ကြာပြီ။

အကြိမ်တိုင်းမှာလည်း
ဒီတခါ လုပ်ရပ်ဟာ လူမဆန်ဆုံးဘဲရယ်လို့
အော့နှလုံးနာစွာနဲ့ စွဲထင်ထားသမျှ
အမြဲပင်မှားသဗျလို့ သက်သေပြနေသလို
အခွင့်ရတာနဲ့ စံချိန်ချိုး
တမျိုးပြီးတမျိုး
မရိုးလည်း မရိုးရအောင်
ဆိုးပြီးရင်း ဆိုးရင်းက
နအဖ ဗိုလ်ချုပ်တစု
တိုးတိုးပြီး မိုက်ခဲ့သည်။

မိုက်တဲ့လူကို
မကြိုက်တဲ့လူတွေက…
“သင့်မှာ လူစိတ်မရှိဘူး။
လူသားချင်းစာနာမှု အကူအညီကို
ပြည်သူဆီမရောက်အောင် ဟန့်တားနေတာ
ဒါ…သူတော်ကောင်းအလုပ်လား…”လို့
တွင်တွင်မေးကြတော့
မေးတဲ့လူတွေသာ ပါးစပ်ကအမြှုတ်တကယ်ထွက်သွားမယ်
ဗိုလ်ချုပ်တွေကတော့ အရယ်ပျက်မယ်မထင်။

ဗိုလ်အောင်ဒင် ရုပ်ရှင်ထဲက
မင်းသားခင်မောင်ရင်လေသံနဲ့
မဲ့ပြုံးလေး ပြုံးတဲ့ပြီး..

“ဟင်း ဟင်း ဟင်း ဟင်း…
မေးမှ မေးရက်ပလေတယ်ဗျာ….
ကျုပ်..သူတော်ကောင်းမဟုတ်လို့ ဓားပြဗိုလ်လုပ်စားနေတာပေါ့။
ဒီမယ်……ကျုပ်နာမည် ဘုရားဒကာ ဦးအောင်ဒင်လား…
ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်လား….”လို့
မဟားဒယား ပြန်ဖြေလိမ့်မယ်။

မှား၏။ မှား၏။
မေးသူမှာသာ အပြစ်ရှိတော့၏။

ကိုပေါ

http://kopaw07.blogspot.com/
ဤ ဘလောက်ကနေ ကူးယူဖော်ပြပါသည်။
ရေးသူသို့ တောင်းပန်ခြင်း
ခင်ဗျား စာသားတွေကို ကြိုက်လို့ ဖော်ပြမိပါတယ် ..အရင်ဆုံး ခွင့်တောင်း၇မယ် ဆိုတာ သိပါတယ် ဒါပေမယ့် ကျွန်တော် မြန်မာနိုင်ငံ က ခင်ဗျား ဘလောက်ကို ဖွင့် ၇တာ အခက်အခဲ ၇ှိတယ် အတွက် ခွင့်တောင်းဖို့ ပျက်ကွက်မိပါတယ် ..
ကျွန်တော် ကို ကူးယူမျှပေးတဲ့ ညီမလေး ငြိမ်းကို လဲ ကျေးဇူးတင်ပါတယ်

ကျွန်တော်မေးမိလို့ အပြစ်ရှိခဲ့ပါသည်။    

ထပ်ဆင့် ခံစားတင်ပြမိတဲ့
အလင်းရောင်

koaungthuya wrote on May 8
ထပ်ဆင့် ခံစားတင်ပြမိတဲ့
အလင်းရောင် ကို ကျေးဇူးတင်ပါ၏........

saungy wrote on May 9
my teacher i m remember
deloparbal wrote on May 15
i also got
yenaing88 wrote on May 17
thanks bro....i like poam..
Add a Comment
   
© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help